Search site


Contact

ဖူးစာရှင်လေး

0943195840

E-mail: fusarshinlay@gmail.com

ကျပ် ၅၅ သိန်းတန် မြန်မာ မီနီ ဆလွန်းကား စီးရေ ၁၅၀၀ နီးပါး ထုတ်လုပ် ရောင်းချ ပေးသွားမည်

07/06/2011 14:28

ကျပ် ၅၅ သိန်းတန် မြန်မာမီနီ ဆလွန်းကားများ ယခုနှစ်တွင် စီးရေ ၁၅၀၀ နီးပါး ထုတ်လုပ် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၂) စက်မှုဝန် ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ၁၄-၅-၂၀၁၁ ရက်တွင် ပြည်မြန်မာ သတင်းဂျာနယ် က မေးမြန်းမှု အပေါ် ဖြေကြား ပြောဆိုသည်။ "လူလတ်တန်းစားတွေ အမှန်တကယ် ကားစီး နိုင်အောင် ရောင်းပေးတာ ဖြစ်တယ်။ အခုက မသမာသူတွေ ရှိနေတယ်။ အဲဒါတွေကို စိစစ်ပြီး ရောင်းပေး သွားမယ် " ဟု ၀န်ကြီးက ဆိုသည်။ ပြီးခဲ့သည့် ဧပြီလ ကပင် အဆိုပါ ကားများကို အမှတ်(၂) စက်မှု ၀န်ကြီးဌာနမှ တပ်ဆင် ထုတ်လုပ် ရောင်းချ ခဲ့ရာ ၀ယ်သူ အလွန် များကြောင်း၊ ဈေးကွက် အတွင်းတွင် အဆိုပါ ကားများကို ကျပ်သိန်း ၉၀ ခန့် ဖြင့် ၀ယ်ရောင်းများ က ပြန်ကောက် နေကြောင်းလည်း သိရှိ ရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ နေပြည်တော်တို့တွင် စုစုပေါင်း စီးရေ ၁၀၀ ကျော် ရောင်းချ ပေးခဲ့ပြီး ဖြစ်ကြောင်း လည်း ၀န် ကြီးက ပြောကြားသည်။ အဆိုပါ ကားကို ၀ယ်ယူရန် လျှောက်ကြသူ သောင်းနဲ့ချီ ရှိနေကြောင်း၊ ၀ယ်လိုအား မြင့်တက်နေသည့် အတွက် မသမာသူများက ၀ယ်ရောင်း လုပ်ကြရန် လျှောက်သည်က များကြောင်း သိရသည်။ မြန်မာ မီနီ ဆလွန်းသည် ဓာတ်ဆီသုံး၊ ဘယ်မောင်း၊ လေးယောက်စီး ၊တရုတ်နိုင်ငံ ဆလွန်းကားငယ်များ ဖြစ်ကာ တီကို ထက် အနည်းငယ် ဖောင်းပြီး ဆူဇူကီး R+ ထက် အနည်းငယ် သေးကာ ရိုးရိုး Manual ဂီယာ တပ်ဆင် ထားသောကား ဖြစ်သည်။

 

http://www.swesonemedia.org