Search site


Contact

ဖူးစာရှင်လေး

0943195840

E-mail: fusarshinlay@gmail.com

ဒဏ်ရာလက်မှတ်

07/06/2011 19:00

ရင်မှာတိတ်တခိုး
အမြတ်တနိုးနဲ့
သိပ်ချစ်ခဲ့တာ မင်းလေးပါ
ချစ်စကားမဆိုခဲ့ပေမယ့်
ချစ်အားပိုချင်ခဲ့တာ
ဒီရင်နဲ့မဆံ့ဖြစ်နေတယ်
အဖြူရောင်တံတိုင်းကိုကျော်ပြီ
မင်းနှလုံးသားကို သိမ်းယူချင်ခဲ့တယ်
ဒါပေမယ့်
အချစ်ကိုရှေ့တမ်းတင်ဖို့
ချိန်ခါမလှသေးတဲ့
ကိုယ့်ဘ၀နေ့စွဲထဲမှာ
ချစ်ဦးမင်းကိုအဖော်မခေါ်ချင်ဘူး
ဒါကြောင့်
နာကျင်စွာနဲ့
ဝေဒနာခရီးထွက်ဖို့
ဒဏ်ရာလက်မှတ်ကို
ငါကိုယ်တိုင်ပဲဝယ်ယူခဲ့တယ်
ချစ်တဲ့ သူလေးဘ၀ သာယာပါစေ...........

♥ဂျွန်ဖြိုး♥
johnphyo@fusarshinlay.com